တေးဆို - ယုမွန်လှအောင်နှင့်အဖွဲ့
VERSE 1
ကိုယ်တော်ရှင်ပေးသနားရာ ကောင်းကြီးတွေပါ
ကိုယ်တော်ဘုရား ဘုန်းသက်သက်ခံစားနေတာ
ခရစ်တော်၏ ထိုအသင်းတော်မှာ
ရေတွက်၍ မကုန်နိုင်သော ကျေးဇူးတော်များ
VERSE 2
ကိုယ်တော်တည်ထားခဲ့ရာ မြတ်ဗိမာန်မှာ
သာယာငြိမ်းချမ်းခြင်းနဲ့ အစဉ်ပြည့်စုံလာ
ခရစ်တော်၏ ထိုအသင်းတော်မှာ
ယုံကြည်ခြင်း ခိုင်မာစွာ အုတ်မြစ်တည်ရာ
PRE-CHO
ခရစ်တော်အားဖြင့် အသင်းတော်တည်ထားသည်
ခရစ်တော်အားဖြင့် အသင်းတော်ညီညွတ်သည်
ဤကမ္ဘာအဆက်ဆက်မှာ ကိုယ်တော်ရှင်ဘုန်းကြီးစေသည်
CHORUS
မေတ္တာဖြင့်ကယ်တင် (ထိုအသင်းတော်မှာ)
ပြန်လည်သတိရကာ (ကိုယ်အပြစ်တို့အား)
တာဝန်ထမ်းရွက်စရာ (ဘုရားအမှုတော်များ)
သခင့်လမ်းအစဉ်လိုက်ပါစို့လေ (ဂုဏ်ယူဝမ်းသာ)
သခင့်အလိုအတိုင်းအသက်ရှင် (သခင့်ရဲ့အလိုပါ)
ဒေသနာတော်လေ့ကျက်ပါ (လေ့ကျက်မူပါ)
မျှော်နေပွဲအတွက်ကို (ချီးမွမ်းပါ၏)
ကိုယ်တော်ကို မျှော်လင့်ပါ၏
No comments:
Post a comment
Note: only a member of this blog may post a comment.