တေးဆို - ဆုန်သင်းပါရ်
VERSE
သခင့်ရှေ့တော်၌ ကျွန်ုပ်ရပ်လျက် ချီးမွမ်းခြင်း ကျွန်ုပ်ပေးအပ်
တမ်းတနေ သခင့်မေတ္တာ အလုံးစုံ ငါ့ရဲ့ဘ၀ ယေရှု
ထွက်သက်ဝင်သက်အားလုံး စတေးခဲ့ ကိုယ်တော်ကျွန်ုပ်အတွက်
ကျေးဇူးတော် လုံလောက်နေ အလုံးစုံ ငါ့ရဲ့ဘ၀ ယေရှု
CHORUS
စွဲမြဲလက်တော်ထဲ ဝေးဝေးမသွားစေချင်
သက်ဆုံးထိအမြဲ ခံစား၍ အသက်ရှင်ချင်
အရာရာပြောင်းလဲ ကိုယ်တော်ရဲ့အနားမှာ
ကျွန်ုပ်ရှိခြင်းကြောင့်သာ သခင်
ကျွန်ုပ် ထူးခြားသွားပြီ ပြောင်းလဲပေးသူ
အမြဲတမ်း အနားနေချင် အနား၌ အမြဲနေချင်
BRIDGE
ချီးမွမ်းသီဆို အမြဲအစဉ်
အထံတော်ရဲ့အနီးမှာ ငါမှာ ငါနေမယ် ထာဝရအမြဲ
No comments:
Post a comment
Note: only a member of this blog may post a comment.