အဖေ့ရဲ့လက်

>>>Download

တေးရေး - စံပီး
တေးဆို - စံပီး

လောကဓံရဲ့ဒဏ်ရာများ ကျွန်တော် ကြုံဆုံလာတိုင်း

VERSE 1
အပျံသင်စငှက်လို ကလေးဘ၀အရွယ်တုန်းက
ဒဏ်ရာများကင်းအောင် အဖေ့ရဲ့လက်များ နူးညံ့နေပါတယ်
ကျွန်တော်ဟာ ကြီးပြင်းလာ ဘ၀ဇာတ်ခုံထက်မှာ
တစ်ခါတစ်ရံလဲကျချိန် အဖေ့ရဲ့လက်များ ဆွဲလို့ထူနေဆဲ

CHORUS
အဖေ့လက်တွေ ကျွန်တော့်အတွက် နူးညံ့ဖူးတယ်
အတောင်မစုံသေးတဲ့ ဘ၀တွေအတွက်
အသင့်ရှိနေတယ် သူ သန်မာခြင်းများနဲ့
လောကဓံရဲ့ ဒဏ်ရာများ ကျွန်တော်ကြုံဆုံလာတိုင်း
ဒီအချိန်မှာ အဖေ့လက်များ မြင်ယောင်လာ/မြင်ယောင်မိတယ်

VERSE 2
ကိုယ်တိုင်မောပန်းပါစေ အပြုံးလေးခြွေရင်းနဲ့
မဆိုစလောက်မောပန်းသူ ကျွန်တော့်အတွက်
အဖေ့အပြုံး ချွေးတိတ်စေပြီလေ
ပူဆာလွန်းတတ်သူ ကျွန်တော့်ရဲ့အလိုပြည့်ဖို့
ပူလောင်ခဲ့ရသူ အဖေ့ရဲ့လက်များ ကြမ်းတမ်းနေပြီလေ


No comments:

Post a Comment

Note: only a member of this blog may post a comment.