တေးရေး - စံပီး
တေးဆို - စံပီး
VERSE
ကြယ်စင်တွေရယ် လမိုက်ညမှာ အလင်းပေးခဲ့တာ သဘာဝလား
နေခြည်တွေရယ် လင်းလက်ခဲ့တာ အဖြစ်အပျက်တစ်ခုပဲလား
ဘယ်အရာမဆို အချည်းနှီးတော့ သူ့ရဲ့ အလိုလိုအတိုင်းဖြစ်မလာ
အရာရာဟာ အစရှိမှ အဆုံးထိ တကယ်ကို ခရီးပြုမှာ တွေးကြည့်နိုင်မလား
VERSE 2
ပုံမှန်လည်ပတ် စီးဆင်း အသက်ရှင် မှားယွင်းမှုတွေ တစ်ပုံကြီးထဲ
ရင်ဆိုင်ကာလေ ရှင်းရဦးမယ် အတိတ်ရဲ့ အဆိုးအကောင်းများ
ကိုယ်သာမှန်လျှင် အကောင်းဆုံးပဲ ဘ၀အတွက် အဖြေကို ရရှိမှာ
ဒါကို မရှောင်နိုင်ခဲ့ကြလို့ အားလုံး အဖြေကို ဆုံးရှုံးတာ လမ်းရှိနိုင်မလား
CHORUS
ရွက်လွင့်ဆဲ ဘ၀ထဲ အဖြေကို မတွေ့နိုင်
အဆိုးတွေရယ် ဒီအဆိုး ငါဘယ်ကိုရောက်မယ်
တွေးနေတုန်း ဘ၀ထဲ အဖြေကို တွေ့ပြီ
အနှိုင်းမဲ့အချစ်များ သူပေးဆပ်ကာ ရွေးနှုတ်ခဲ့ပြီ
No comments:
Post a comment
Note: only a member of this blog may post a comment.