ဆုံမယ်
>>>
Download
တေးရေး - စံပီး တေးဆို - စံပီး
VERSE
အနီးနားက လက်တစ်စုံ ဝေးကွာပြီ
ဖမ်းဆုပ်မရ ပျောက်ကွယ်ခဲ့
တမ်းတတဲ့ စိတ်တွေ မဆုံးနိုင်လည်း
အဝေးဆုံးခရီးထွက်သွားနှင့်သူ
VERSE 2
နေ့ရက်တို့ ဝေးကွာခဲ့ပေမယ့်
သူ့အရိပ်လို့ မှတ်ထင်ဆဲ
ချိန်းချက်တဲ့ နေ့တကယ်ရောက်လာတော့
အဝေးဆုံးခရီးပြန်နှင့်ပေါ့
CHORUS
တစ်နေ့တော့ဆုံမယ် ယုံကြည်နေဆဲ
ဝေးကြပေမယ့်လည်း မငိုတော့ဘူးလေ
တစ်နေ့တော့ ဆုံမယ်
ငြိမ်းချမ်းတဲ့နေရာလေးတစ်ခုမှာ
VERSE 3
လောကထဲ ဒို့ဟာ ဧည့်သည်ပဲ
အခိုးအငွေ့လား ပျောက်ကွယ်ဆဲ
အားလုံးလည်း တစ်နေ့မှာ တွေ့ကြုံမယ်
လောကရဲ့ အပြန်လမ်းခရီးကို
No comments:
Post a comment
Note: only a member of this blog may post a comment.