တေးဆို - ၀င်းလွင်
VERSE 1
အထင်မှား လွန်လေခဲ့ ဆည်းဆာဟာ လှပဝေဆာ
လွန်လေကာ သာယာတဲ့ ဆည်းဆာ အကျည်းတန်ခဲ့
ကရာနီကုန်းတိုင်တော်ထက် ယေရှုမြတ်သခင်ကို
တွန်းငင်ဆွဲ ထိုးနှက်ကာ အသက်ဝိညာဉ်ခြွေခဲ့
VERSE 2
လူသားတွေအတွက် ပေးဆပ်ခြင်းက ကြီးမြတ်ပေတယ်
အပြစ်ဝန်ထုပ်တွေ ထမ်းကာ ဂတိတော် ၀န်ခံခဲ့ရှာ
သေလွန်ပြီး ရှင်သန်ခဲ့တဲ့ ဥပုသ်တော်နေ့မြတ်မှာ
ဒီအကြောင်းအရာကို ဒို့တတွေ လျစ်လျူရှုနေမလား
CHORUS
ကရာနီရဲ့ညနေဆည်းဆာ လှပလွန်းပါတယ်
လူသားတွေရဲ့ အပြစ်ကြွေးကို အသွေးနဲ့ကယ်တင်ပြီ
အဖဘုရားသခင်ရဲ့အိမ်တော်ကို ၀င်ခွင့်ရဖို့ရန်
ယုံကြည်ချက် ခိုင်မာဖို့ စိတ်ဝိညာဉ်သိကာပေး
No comments:
Post a comment
Note: only a member of this blog may post a comment.