လောက၀မ်းမြောက်ဘုရားကြွလာ
>>>
Download
တေးရေး - စိုင်းခမ်းခေါင် တေးဆို - စိုင်းခမ်းခေါင်၊ မီးမီးခဲ
VERSE 1
အေးချမ်းတဲ့ဆောင်းရဲ့ညလယ်မှာ
ကယ်တင်ရှင်ယေရှု ဖွားမြင်ပြီ
သိမ်ငယ်စွာ နွားစားခွက်မှာ မှေးစက်ကာ
နှိမ့်ချမှုနဲ့ ဆင်းကြွလာ
VERSE 2
သိုးကျောင်းနေတဲ့ သိုးထိန်းတွေ
ဝမ်းမြောက်ဖွယ်သတင်း သိရှိချိန်
ခရီးလှမ်းပေမယ့် ကယ်တင်ရှင်ဖူးတွေ့ဖို့
အေးချမ်းမှုကြား အပြုံးတွေနဲ့
CHORUS
စောင့်မျှော်နေတဲ့ ကယ်တင်ရှင် မွေးဖွားပြီ
လက်ဆောင်ဘဏ္ဍာများ ကိုယ်တော်အတွက်ပေးလှူ
အပြစ်သားတွေအတွက် ကယ်တင်ရှင်မွေးဖွားပြီ
(လောက၀မ်းမြောက် ဘုရားရှင်ကြွလာခဲ့
ကမ္ဘာလူသား ကောင်းကင်သားများ ပြုံးပျော်)
(-- လောက၀မ်းမြောက် ဘုရားကြွလာ
မြေကြီးဘုရင် ခံယူ --)၃
No comments:
Post a comment
Note: only a member of this blog may post a comment.