ကျေးဇူးတော်

>>>Download

တေးဆို - ဆုန်သင်းပါရ်

VERSE 1
သံစဉ်တွေနဲ့အတူ ရင်ခုန်မြန်ခဲ့ဖူးတယ်
ရွှေရောင်အိပ်မက်များ ဘယ်ရောက်သွားလဲ
အထီးကျန်ဆန်လွန်းတဲ့ ငါ့ဘေးနား ပြန်လှည့်ကြည့်တဲ့အခါ
တွေဝေနေတာ ငါတစ်ယောက်တည်း ဘာဆက်လုပ်ရမလဲ

VERSE 2
မာယာတွေထဲမှာ ပျော်ဝင်ယစ်မူးမိတယ်
မာန်မာနတွေနဲ့ ငါပျံသန်းခဲ့
တောက်လောက်နေခဲ့တယ် ဆန္ဒရဲ့လိုအပ်ချက်များနဲ့
ခန္ဓာကိုယ်ကို သယ်ဆောင်ဆောင်ရင်း ငါမောပန်းနေတယ်

CHORUS
ပင်လယ်ပြင်မှာ လက်ပန်းကျတော့မှ
အတောင်ပံတွေ ညောင်းတော့ သတိရတယ်
ဆင်ခြေပေးလို့မရတော့မှန်းသိတယ်
ဒဏ်ရာတွေနဲ့ ငိုကြွေးခဲ့

VERSE 3
အလိုတော်ကိုဦးညွတ် ကိုယ်တော်ရှင်ရဲ့ရှေ့မှာ
ပုံအပ်ဒူးထောက်ပြီး ၀န်ခံလိုက်တယ်
မီးလောင်ပြင်ထဲက ၀န်လေး၍ ပင်ပန်းတဲ့ ငါ့ကို
ကြင်နာစွာ သူ ကယ်တင်ခဲ့ ဒါ ကျေးဇူးတော်ပဲ


No comments:

Post a Comment

Note: only a member of this blog may post a comment.