အဖေမငိုနဲ့
>>>
Download
တေးရေး - စောဂျိုးဂျို တေးဆို - ရတနာဦး
VERSE 1
မီးငြိပေးမယ် အဖေဆေးလိပ်သောက်ဖို့ကွယ်
အဖေပျော်နေရင် အလိုလိုကျေနပ်တယ်
ဆေးလိပ်အငွေ့ဟာ မွှန်လွန်းတော့ သမီးရဲ့အဆုပ်မှာ
ဘာလိုလိုနဲ့ ရောဂါဖြစ်ခဲ့ပြီ
VERSE 2
ငှဲ့လို့ပေးမယ် အဖေအရက်လေးသောက်ဖို့ကွယ်
အဖေပျော်နေရင် အလိုလိုကျေနပ်တယ်
အရက်ရဲ့အနံ့ဟာ နံလွန်းတော့ သမီးဦးနှောက်မှာ
ဘာလိုလိုနဲ့ ရောဂါဖြစ်ခဲ့ပြီ
CHORUS
ဒါပေမယ့် အဖေ့ကိုချစ်တဲ့အချစ်ကြောင့် သမီးလေးပျော်ပါတယ်
အဖေ့မျက်နှာ အဖေ့အပြုံးတွေ ထာဝစဉ်လန်းဆန်းနေဖို့
တွေးနေရင်း သမီးရဲ့နှလုံးမှာ ချို့ယွင်းမှုရှိခဲ့ပြီ
ဒါတွေ အဖေကို မသိစေချင်တာအမှန်
အိပ်စက်ရင်းနဲ့ ထာဝရအိပ်လို့သွားရင်
အဖေရယ် မငိုနဲ့ သမီးကို ခွင့်လွှတ်ကွယ်
No comments:
Post a comment
Note: only a member of this blog may post a comment.