ချီဖွေမြို့လေးသို့

>>>Download

တေးဆို - G. ဇုံးကိ

VERSE 1
ဒို့ရဲ့ ချီဖွေမြို့လေးကို တစ်ခေါက်လောက် အလည်ရောက်ခဲ့နော်
အေးချမ်းတဲ့ ဒို့ရဲ့မြို့လေးဆီရောက်ရင် မင်း သိပ်ပျော်သွားမယ်
ညို့မှိုင်းတဲ့ တောင်စွယ်တောင်တန်းကြား မြူနှင်းများဝိုင်းလို့ထားတယ်
မေခမြစ်ကမ်းနံဘေးက မြို့လေးရယ် အေးချမ်းသာယာတယ်

CHORUS
စပါးမှည့်ချိန် တောင်ယာစိုက်ခင်းဝယ် အသီးအနှံများ စုံလင်လှတယ်
ဖော်ရွေပျူငှာလှတဲ့ ဒို့ရိုးရာ မင်းသတိရနေမှာ
အလည်လာခဲ့ကွာ ခေါ်ဖိတ်တာ ချီဖွေမြို့က စောင့်လို့ကြိုမှာ

VERSE 2
ပန်းများပွင့်တဲ့ ပေါင်ဝါမြို့လမ်းလည်း ရှုခင်းများ အံ့မခန်းလောက်တယ်
ထင်းရှူးရနံ့သင်းတဲ့ လေပြေနဲ့အတူ အမောများပြေသွားမယ်
လောင်ခေါင်နဲ့ ဇနောင်ယံဘက်လည်း ကြိုးတံလည်း ဖြတ်ကူးကြမယ်
သဲသောင်ကမ်းအလှနဲ့ မုဒုံတောရယ် သွားလို့လည်မယ်ကွယ်

(ကချင်တိုင်းရင်းသားစကားဖြင့်…)

No comments:

Post a Comment

Note: only a member of this blog may post a comment.