တေးရေး - ဧလိယ
အရိပ်စစ်
တေးဆို - အားဆမ်
VERSE
မျှော်လင့်ချက်မဲ့နေခဲ့ ဘ၀ရဲ့နေ့ရက်ထဲ
အားပေးမယ့်သူလည်း မရှိတော့ပါလား
ခိုနားဖို့ အရိပ်တွေလည်း အရောင်စွန်းထင်းလို့နေခဲ့
ဘယ်ရင်ခွင်မှာ ခိုနားမလဲ
မာယာများပြည့်နှက်နေတဲ့
ဟန်ဆောင်လောကအရိပ်တွေထဲ
ငါဘယ်လို ရှင်သန်နိုင်မလဲ
CHORUS
အရိပ်စစ်တစ်ခုရှာဖွေ မပြောင်းလဲခဲ့ အေးမြအရိပ်
ဘ၀ဆက်တိုင်းရဲ့ ခိုနားဖို့ အရိပ်စစ်တစ်ခုရယ်ပေး
ပူလောင်ခဲ့ ငါ့ဘ၀ မှေးစက်ချင်ပြီ
အဖော်မဲ့ခဲ့ ညတွေအလယ် ကြေကွဲခဲ့ အမြဲလိုပဲ
အခုတော့နှလုံးသားမှာ အရိပ်စစ်တွေ့ခဲ့ရပြီ
ကရာနီသွေးစက် သခင့်မေတ္တာပါ
VERSE 2
အစဉ်ချီးမွမ်းလို့နေမယ် သခင့်ကျေးဇူးတရားတွေအတွက်
အားပေးမယ့်သူ အနားရှိခဲ့ပြီပဲ
ဘ၀ရဲ့ပုစ္ဆာများ ဖြေရှင်းသွားခဲ့ပြီ
ဘယ်လို ဘာဖြစ်နေ ငါမကြောက်ဘူး
သခင်ယေရှုရဲ့မေတ္တာအရိပ် ခိုနားခွင့်ရပြီပဲ
ရင်ဆိုင်နေမယ် ငါမမှုဘူး
ENDING
ငါ့နှလုံးသား ခိုနားခွင့်ရပြီလေ
No comments:
Post a comment
Note: only a member of this blog may post a comment.