ဆာလံ ၂၃
>>>
Download
တေးဆို - ငါငူး
VERSE 1:
ထာဝရဘုရားသည် ငါ့သိုးထိန်းဖြစ်မူ၏
ငါသည် ဆင်းရဲခြင်းမခံရ
စိမ်းလန်းသောအရပ်၌ ငါ့ကို အိပ်စေမူပြီ
သာယာသော မြစ်နား ပို့ဆောင်မူ၏
VERSE 2:
ငါ၏ စိတ်ဝိညာဉ်ကို အစဉ်အားဖြည့်၍
သမ္မာတရားလမ်း ပို့ဆောင်၏
သေမင်းအရိပ်ချိုင့် ငါလျှောက်ရသော်လည်း
ကွယ်ကာရာအဖ သခင်ရှိ၏
CHORUS:
ရန်သူများရဲ့အလယ် ကျွန်ုပ်သွားလည်း မကြောက်ရွံ့တယ်
ဆီနဲ့လိမ်းသော ကျွန်ုပ်အဖ ကွယ်ကာမူတယ်
ကျွန်ုပ်ကျေးဇူးခွက်ဖလားလည်း လျှံလျက်အမြဲရှိတယ်
အဖဘုရား ကောင်းကြီးတွေ ကြွယ်ဝတယ်
VERSE 3:
အကယ်စင်စစ် ဆုကျေးဇူးနဲ့ အဖဘုရားဂရုဏာများစွာ
အကျွန်ုပ်အတွက် တစ်သက်လုံး စံစား၍
ထာဝရဘုရားရဲ့ စံအိမ်တော်ထက်ဝယ်
စဉ်မြဲနေထိုင်ခွင့် ရလိမ့်မယ်
No comments:
Post a comment
Note: only a member of this blog may post a comment.