အနှိုင်းမဲ့မေတ္တာ
>>>
Download
တေးရး - ကာလက် တေးဆို - ဆုန်သင်းပါရ်
VERSE 1
ဒီအပြစ်များရဲ့ ချည်နှောင်မှုတွေထဲ
ဆိုးရွားတဲ့ ဇာတိစိတ်ရဲ့ ကျေးကျွန်များ
မာန်မာနတွေ ထောင်လွှားပြီး လောဘရှေ့တန်းထား
စာနာမှုတွေ ကင်းမဲ့တဲ့ အတ္တလူသားများရယ်
VERSE 2
ယုံကြည်တွေ ဆိုပေမယ့်လည်းလေ
ငါဆိုတဲ့ ပုဂ္ဂိုလ်သာ အစဉ်အမြဲ အသက်ရှင်နေ
ပြဿနာများနဲ့ကြုံတွေ့ချိန် အားကိုးသူမရှိမှသာ
ကိုယ်တော်အား အသနားခံ တောင်းလျှောက်တတ်သည်
PRE-CHO
ကိုယ်တော်ရဲ့ မေတ္တာဟာ ကြီးမားလွန်းတယ်
နှိုင်းလို့မရတဲ့ အချစ်ဟာ သူ့အချစ်ပဲ စဉ်းစားလို့မမှီဘူး
CHORUS
သင့်ဘ၀ရဲ့ ရွေးချယ်စရာထဲမှာ
ယေရှုကိုသာ သေချာစဉ်းစား ဆုံးဖြတ်အပ်နှံပါ
ခြောက်ကပ်တဲ့ သင့်ဝိညာဉ်လည်း
အစဉ်လန်းဆန်းဖို့ရန် ကိုယ်တော်အား
အချိန်တိုင်း နာရီတိုင်း စိုးမိုးခွင့်ပေးလိုက်ပါ
No comments:
Post a comment
Note: only a member of this blog may post a comment.