VERSE 1
ပြုံးပန်းပွင့်နိုင်စေ
Labels:
L. လွန်းဝါ,
ဘုရားပေးသောသံစဉ်

သာယာတဲ့ ဒီနေ့ လှပတဲ့ ပန်းတို့ ပွင့်လို့နေ
ကြည်နူးစရာ ငှက်ကလေး မင်းအတွက်ပေါ့ တေးသီချင်း သီဆိုလို့နေ
လေပြည်ညင်းလေးများဟာလည်း ငြင်သာစွာ တိုက်ခတ်ဆဲပါပဲ
ပျော်ရွှင်စရာကောင်းတဲ့ အခုလိုအချိန်အခါကလေးဝယ်
VERSE 2
ကုန်လွန်တဲ့နေ့များ သင့်ဘ၀ခရီးလမ်းတလျှောက်လုံးမှာ
အမြဲတစေ အစဉ်တိုင်း စောင့်ရှောက်တဲ့ ဘုရားသခင်ကိုယ်တော်မြတ်ရဲ့
ဂုဏ်ကျေးဇူးများကိုလည်း အစဉ်သာ ချီးမွမ်းလိမ့်မယ်လို့
ယုံကြည်စိတ်ချလို့ထားတယ် သူငယ်ချင်းရယ်
CHORUS
ယနေ့ကျရောက်တဲ့ မင်းရဲ့မွေးနေ့ကို
အဖဘုရားသခင် ကောင်းချီးပေးပါစေ
နောင်ကျရောက်မယ့် မွေးနေ့ နေ့တိုင်းမှာ
အခုလို ပျော်ရွှင် အပြုံးပန်းပွင့်နိုင်စေ
VERSE 3
ပြောင်းလဲတဲ့ ကမ္ဘာကြီး အနှောက်အယှက်အမျိုးမျိုးများအောက်မှာ
သောကတွေကင်းဝေး နှလုံးလေးချမ်းမြေ့နိုင်ပါစေ
အရာရာအားလုံးလုပ်ဆောင်တိုင်း အောင်မြင်မှုအမြဲရှိကာရယ်
သာယာမှုအပေါင်းများနဲ့ ပြည့်စုံနိုင်လို့ရယ်
No comments:
Post a comment
Note: only a member of this blog may post a comment.