တေးရး - ခွန်ရှန်ဆုန်၊ ဘွိုင်းလေး
မေတ္တာကြွေး
Labels:
ချောစုခင်,
နှလုံးသားအသစ်ကိုပူဇော်ပါ

တေးဆို - ချောစုခင်
VERSE 1:
လိုချင်တာတွေ မရတော့တဲ့အခါ စိတ်ဆန္ဒနဲ့ မတွေ့တော့တဲ့အချိန်
တစ်ယောက်နဲ့တစ်ယောက်အပေါ် အထင်အမြင်လွဲကြ
မတူညီတာတွေ တွေ့မိတဲ့အခါ အမှားအမှန် ငြင်းကြ အားကြီးတဲ့သူ
တစ်ယောက်ကတစ်ယောက်အပေါ် စီရင်ချက်ချ
CHORUS:
(အိုး မင်းလည်း အပြစ်သား ငါကိုယ်တိုင်လည်း အပြစ်သား
အပြစ်ကင်းသူမရှိ လူတွေအကုန် တစ်ယောက်မှမရှိ
ဘုရားရှေ့မှာ လူတွေ အားလုံးဟာ အားလုံး အတူတူ)၂
VERSE 2:
သေချာတယ် ဒီလမ်းကြမ်းထက်မှာ ပန်းတိုင်တစ်ခုစီသွားကြတဲ့အခါ
တစ်ယောက်အပြစ်တစ်ယောက်အပေါ် တင်နေဦးမလား
အစေခံတာ သခင်တစ်ပါးတည်းအတွက်ပါ ပေးဆပ်ခြင်းမှာ မှားယွင်းမိရင်
ချစ်မေတ္တာ ရင်မှာ ပိုက်ထား
CHORUS 2:
(ဟိုး သခင့်ရဲ့ချစ်သား သခင်ကိုယ်တော်တိုင် ရွေးထား
အပြစ်ကင်းခွင့်မရှိ သခင်ကိုယ်တိုင်သာ လွှတ်ခွင့်ရှိ
အချစ်ကြွေးသာတင်စေ အားလုံးအပေါ် အားလုံးအပေါ်မှာ)၂
No comments:
Post a comment
Note: only a member of this blog may post a comment.