ဝိညာဉ်ထွက်ခွါချိန်

>>>Download

တေးရး - ဆူးလေး၊ ဘရန်အောင်
တေးဆို - ချမ်းအေးဝင်း၊ ခင်ဘုဏ်း

RAP 1:
ဒီလောကကြီးထဲကိုရောက်ခါစ ငါမလုပ်တတ်ပါ ဘာမှ
ငိုကာရယ်ကာ ငါ့ရဲ့ကလေးဘ၀ ဘာကိုမှ အလေးမထား
ကျောင်းတက်ကာ ပျော်ကာမော်ကာ ပြေးလွှားကစား
ဒီလိုနဲ့ ဆယ်ကျော်သက်ရွယ်ရောက်လာခဲ့
လောကထဲကိုရောက်လာတယ် စိတ်တွေလည်း ပြောင်းလာတယ်
အပေါင်းအဖော်တွေသိပ်များ အရက်သေစာသောက်စား
လမ်းပေါ်ကိုလျှောက်သွား အချိန်ဆိုတာကို သတိမထား
ဘ၀ကိုမေ့သွား အတိတ်ကို မေ့ထား
ထိန်းသိမ်းဖို့ သတိမရဘဲ အနာဂတ်ဆိုတာ မေ့ထားခဲ့
ရည်းစားဆိုတာအဓိကပဲ အပျော်အပါးတွေလိုက်စားပြီး
လူငယ်ဘ၀ကို ကြိုက်သွားမိ ညစ်လာရင် စိတ်ပြေလက်ပျောက်သောက်ကာစား
မူးယစ်ရဲ့သားကောင်အဖြစ်ကို ရောက်မှန်းမသိရောက်ကာသွား

(အပူပင်ကင်းမဲ့ ကျောင်းသားဘဝ
ပျော်ပါးစွာနဲ့ လွင့်မျောခဲ့ကြ ဟူး
အပေါင်းအသင်းတွေ သိပ်များ ဘ၀တူဘ၀ခြား
အပျော်လွန်ပြီး လမ်းမှားရောက် မှားလို့မှားမှန်းမသိ လွင့်မျော
သုံးစွဲခဲ့ကြ ဆေးပေါင်းစုံများ တရားခံဟာ မူးယစ်ဆေးဝါး)

RAP 2:
ငါ့ရဲ့အတွေးများ မူးမိုက်ကာေ၀၀ါး အချိန်တွေကုန် နေ့ညမှာ မျောရင်းနဲ့ရွေ့လျား
အဆိပ်ဆိုတာမေ့သွားပြီး လုပ်ချင်တာကို ရှေ့ထားမိ မသိခဲ့တာတွေ အမှားကြီးမှား
ငါ့အပြစ်တွေ အများကြီးလား အကျင့်ဆိုးတွေ ငါဘယ်လိုနည်းနဲ့မှ ဖျောက်လို့မရခဲ့
မှောင်မိုက်တဲ့ဘ၀ရဲ့လမ်းကို ဘာမဆိုမသိခဲ့တော့ရောက်လို့သွားခဲ့
မူးယစ်ကိုစမိလို့ ငါ့စိတ်တွေထိန်းမရကာ မျောလွင့်လို့ သွားပြီ
အဆိုးအမှားတွေနဲ့ အများကြီးရှုံး ဒါတွေဟာ ငါ့ရဲ့ဘ၀ နိဂုံး

RAP 3:
ခွန်အားတွေပျက်သုဉ်းပြီး စိတ်ဓါတ်တွေက ခြောက်ခြားခဲ့
အသိစိတ်တွေ ၀ိုးတ၀ါးနဲ့ ခံနိုင်ရည်တွေပျက်ပြားခဲ့ ငါ့အသွေးအသား
နာကျင်စွာ ကိုက်ခဲလူးလိမ့်ပြီး ကြိတ်မှိတ်ကာခံစားခဲ့ မိုက်မဲ
ငါ့ကိုချစ်တဲ့သူကလည်း အခုတော့ မုန်း မိဘနဲ့အသိုင်းအ၀ိုင်းရဲ့မေတ္တာကိုတော့ အခုတော့ရှုံး
ရခဲ့တဲ့အရှုံးဆိုတဲ့ဘ၀ထဲ လှောင်အိမ်ထဲမှာ ပိတ်မိနေ ရုန်းလို့လည်းမရဘဲ အသိဥာဏ်တွေတုံးလို့လည်း အဆဲ
ဘ၀သံသရာမီးတွေရစ်ကာထား ငါခန္ဓာကိုယ်ဝိညာဉ်ထွက်ခွာသွား

No comments:

Post a Comment

Note: only a member of this blog may post a comment.