တေးရး - ကလိုမူး
ရင်ခွင်သစ်
Labels:
Wire,
ငါငူး,
ရင်ခွင်သစ်

တေးဆို - ငါငူး၊ Wire
VERSE:
ငယ်ရွယ်စဉ်ချိန်ခါ ပျိုရွယ်သင့်ခွန်အား ဆင်ခြင်ကာ သင်နေရဲ့လား
(စွန့်စားမှုများရဲ့နောက်က အောင်မြင်မှုများကို သင်သုံးသပ်မိရဲ့လား)
ပညာရှာစဉ်ခါ ထင်မြင်မိယောင်မှား ဝေဒနာတွေ ကြုံချိန်မှာ
(အောင်မြင်မှုများရဲ့နောက်က သခင်ဘုရားအလို သင်လိုက်လျှောက်မိရဲ့လား)
CHORUS:
ရယ်မောခြင်းများလည်း တဒင်္ဂပါ ငိုကြွေးခြင်းများလည်း အတူတွေ့မှာပါ
အသက်စွန့်ချစ်တဲ့ အရှင်ယေရှုရဲ့ ဝေဒနာနဲ့စာရင် မဖြစ်စလောက်ပါ
မခံမရပ်နိုင်တဲ့ ငိုကြွေးခြင်းများနဲ့ တွေ့ရင်တော့
ကိုယ်တော်ရှင်ရဲ့ နှုတ်ကပတ်တော်ကို အားကိုးပါလား မိတ်ဆွေရာ
လောကီစွဲလန်း တပ်မက်မှုတို့ကို သင်သည် ကြုံတွေ့သောအခါ
ဘုရားရှင်ရဲ့ လမ်းပြမှုတို့ကို သင်သည် ခံယူပါ
စိတ်အလိုကိုသိရင် (လျှော့ချလိုက်ပါလား)
စိတ်အလိုကိုသိရင် (ဒူးထောက်လိုက်ပါလား)
စိတ်အလိုကိုသိရင်
အသစ်သောအသက်တာ၌ ကျင်လည်သူများရယ်
အသစ်သောအသက်တာ၌ ပျော်ရွှင်နေသူများအတွက်
(ယေရှုလက်ကို စွဲကိုင်ရင်းနဲ့ ထာဝရအရိပ်မှာ နားခိုရင်း)၂
လှမ်းမည် ရင်ခွင်သစ်ဆီ ခိုလှုံဆက်ကပ်ရင်းနဲ့ ရှေ့သို့သာချီ
လျှောက်မည် ကိုယ်တော်နဲ့အတူ ယုံကြည်ခြင်းရဲ့လက်ကို စွဲ၍ကိုင်မည်
No comments:
Post a comment
Note: only a member of this blog may post a comment.