သူ့အကြောင်း
>>>
Download
တေးရး - M. ဆိုင်းမွန်းအောင်၊ B. သျှောင်းခေါင် တေးဆို - အယ်ဇော်
VERSE 1
ဒုက္ခတွေများစွာခံတာ လောကကို ဆင်းကြွလာသူ
ဆူးရစ်သရဖူကိုဆောင်းကာ လောကသားကို အပြစ်မှ ကယ်ယူ
CHORUS
သူ့ဂရုဏာ သူ့မေတ္တာ ဒို့လူသားအပေါ် ဘယ်လောက်ကြီးမားလဲ သိရဲ့လား
လမ်းလွဲသူ ဖေးမကူ ကားတိုင်အကြောင်းကို ပြောဖို့ ၀န်မလေးနဲ့
လာပါ အတူသွားမယ် တောတောင်ဖြတ်ကာ ခရီးကြမ်းကိုနှင်
ခွန်အားအတွက် ဘုရားရှင် ပြင်ဆင်ပေးမယ် မစိုးရွံ့နဲ့
VERSE 2
လက်ရုံးဖြစ်ရဲ့သားနဲ့ တွေးကာ ငေးကာ ငြီးတွားမနေနဲ့
ခွန်အားရှိရဲ့သားနဲ့ မသုံးရင် ဘုရားသခင် ၀မ်းနည်းမှာပဲ
VERSE 3
ယေရှုခရစ်ရဲ့အကြောင်းကို ဒို့တတွေပြောမယ် မကြားဖူးသူအတွက်
ဘုရားသခင်မှာ ဒို့အတွက် ဆုလဒ်တွေ အသင့်ရှိနေတယ်
No comments:
Post a comment
Note: only a member of this blog may post a comment.