အလင်းရဲ့တံခါးဝ
>>>
Download
တေးရး - စောခူဆဲ တေးဆို - ရေဗက္က၀င်း
ဒါဒါဒါ ဒါဒါ ဒါဒါဒါ ဒါဒါ ဒါဒါဒါဒါ
ဒါဒါဒါ ဒါဒါ ဒါဒါဒါ ဒါဒါ ဒါဒါဒါဒါ
VERSE
မျှော်လင့်ထားသမျှတွေ တကယ်ကို ဖြစ်မလာလို့
စိတ်ပျက်လို့အားငယ် ယုံကြည်မှုတွေ ယိုယွင်းလာ
ကိုယ်တော်ကို မေ့ပစ်မိပြီလား
ဒုက္ခလွှမ်းခြုံထားတဲ့ ဒီကမ္ဘာထဲ မိတ်ဆွေရယ်
ထွက်ပေါက်ရှိတာ ဘာကြောင့် မေ့နေသလဲ
CHORUS
မျှော်လင့်ချက် ဆီမီးခွက် အမြဲတမ်း လင်းစေခဲ့
မှောင်မိုက်က ကျော်ဖြတ်ဖို့ အလင်းရဲ့တံခါးဝပဲ
ယေရှုပေးတဲ့ ဂတိတွေဘာကြောင့် မေ့ချင်လဲ
VERSE 2
ယုံကြည်ခြင်းအားအင် ဘာကြောင့်နည်းနေလဲ
စဉ်းစားပေါ့ မိတ်ဆွေ သင်ဟာနေ့စဉ် အို ဆုတောင်းစဉ်
ခဏတောင် သတိမှရရဲ့လား
လောကီရေးရာများနဲ့ အချိန်တွေထဲ မိတ်ဆွေရယ်
တစ်စက္ကန့်လေးတော့ ပေးဖို့သင့်ပါတယ်
No comments:
Post a comment
Note: only a member of this blog may post a comment.