နောက်ဆုံးစက္ကန့်
တေးဆို - ခရစ္စတိုဖာ
VERSE 1
ငွေများရယ် ပကာသနရယ် ငါ့အဖော်ရယ်
ငါတွေးရင်း ငါဖြစ်တယ် ငါ့အလိုအတိုင်း
သခင်လည်းမရှိ အရှင်လည်းမရှိ အရှင်လည်းမလို သခင်လည်းမလို
အချိန်နာရီများရယ် ဘယ်လိုကုန်ဆုံးမလဲ
VERSE 2
ငါဝမ်းနည်းကြေကွဲရ အခိုက်အတန့်များ
ပူလွန်းတယ် အို ငြိမ်းမရ မီးအပူအလား
ကူလှည့်ပါ အရှင်လည်းမရှိ ဖြေသိမ့်မယ် သခင်လည်းမရှိ
နာကျင်စွာ မျက်ရည် နောင်တများနဲ့ပူလောင်စွာ စီးလို့ အိုး
CHORUS
(နှလုံးသားထဲ စီးဝင်လာတယ် သွေးကြောထဲစီးဝင်လာတယ်
ဦးနှောက်ထဲစီးဝင်လာတယ် ယေရှုရှင်
အရိုးသားဆုံးသိမြင်လာတယ် စမ်းချောင်းလေးစီးဝင်လာသလို
အေးမြမှုအသက်တာကို ငါသိပြီ
လျှပ်တပြက်လေးမှာပဲ ဘ၀ရဲ့အမိုက်မှောင်ထဲမှ
နူးညံ့လွန်းစွာနဲ့ ရွေးနှုတ်ခဲ့ပြီပဲ အိုး
No comments:
Post a comment
Note: only a member of this blog may post a comment.