တေးရေး- ကိုစုစု
တေးဆို- City Youth
VERSE
အချိန်နာရီများ တရွေ့ရွေ့ကုန်လွန်ခဲ့ပြီ
အသက်တာများ ပြန်ဆန်းစစ်ကြည့်ဦး
ရန်သူအပေါင်းရဲ့တိုက်ခိုက်ခြင်း
မျိုဝါးဖို့ ကြိုစားဆဲ
ယုံကြည်ခြင်း လဲလို့ မယိုင်စေနဲ့လေ
ဝိညာဉ်တန်ခိုး အစဉ်တောင်းလျှောက်ကာရယ်
ရင်ဆိုင်ခရီးလမ်း ဘုရားမြတ်နဲ့အတူ
လျှောက်လှမ်းရင်း အသက်ရှင်ဖို့ ဆက်ကပ်ရင်း
PRE CHORUS
ရဲရင့်ခြင်း စွမ်းအားများ ဘုရားမြတ်ပေးနေ
မာရ်နတ်တန်ခိုး တွန်းလှန်နိုင်ဖို့
ရင်ဆိုင်ကာသွားမယ် ၀ိညာဉ်တော်
ဘုရားမြတ်ရဲ့ တန်ခိုးနဲ့
CHORUS
ရှေ့ဆက်လှမ်းမယ်လေ ယုံကြည်ခြင်း ရဲရင့်ခြင်းနဲ့အတူ
ကိုယ်တော်ရဲ့ စုံလင်သော ကျေးဇူးတွေ ခံစားရဖို့
အသက်တာတိုင်းမှာလေ
ဝိညာဉ်တန်ခိုး ဘုရားမြတ်ရဲ့တန်ခိုးနဲ့
အစဉ်ပြည့်ဝစို့ ဘ၀နေ့ရက်တွေထဲ
BRIDGE
အသက်တာထဲ အားနည်းနေချိန်
ခြေလှမ်းတွေလည်း အားလျော့နေတုန်း
အနားမှာအမြဲ အားပေးနေသူရယ်
ကတိတော်မြတ် ကိုင်စွဲကာရယ်
No comments:
Post a comment
Note: only a member of this blog may post a comment.