တေးရေး- အားထန်
တေးဆို- အဇဲ
VERSE
ငါဘယ်လိုကျော်လွှားမလဲ
ဒီအချိန်ဟာ ငါ့ရဲ့ အမှောင်ဆုံးအချိန်
ရင်ခွင်ပျောက် အထီးကျန်သူ
ငါ့အနားမှာ တစ်ယောက်မှ မရှိဘူး
အဖြေကို ဖွေရှာလည်း မတွေ့
ကြုံဆုံမယ့် နေ့သစ် ငါမပိုဆိုင်နိုင်ဘူး
အမှောင်ဖုံး စိတ်ဒဏ်ရာ မခံစားနိုင်ဘူး
CHORUS
ကိုယ်တော်ရယ် ချစ်ရဲ့လား
ဘာကြောင့် ပစ်ထားလဲ သခင်
အော်ခေါ်သံ ကြားရဲ့လား
ခိုလှုံခွင့် ပေးသနားမူပါ
ကိုယ်တော်ရယ် ချစ်ရဲ့လား
ဘာကြောင့် မေ့ထားလဲ သခင်
အပြစ်နွံဝဲဂယက်မှာ လွတ်မြောက်ဖို့ ရုန်းမထွက်နိုင်ဘူး
ဒုက္ခပင်လယ်ရဲ့ကြားထဲ
ခံနိုင်ရည် ၀ိညာဉ်ခွန်အား မျှော်လင့်စောင့်စား
တောင်းလျှောက်လျက်ပါ အပြစ်သားရဲ့အသံ
ငါဘယ်လို ကျော်ဖြတ်မလဲ
ဒီအချိန်ဟာ ငါ့ရဲ့ အမှောင်ဆုံးအချိန်
ရင်ခွင်မဲ့ အပြစ်သားလူ
ကိုယ်တော်သာ အပြစ်မှ ကယ်တင်မယ့်သူ
No comments:
Post a comment
Note: only a member of this blog may post a comment.