တေးရေး- ထန်သောင်
တေးဆို- ထန်သောင်
VERSE
ဖန်ဆင်းခြင်းခံရသော လူသားတစ်ဦးမကျန်ဟာ
အပြစ်ဗွက်နွံထဲ နစ်မွန်းစဉ်
ကာယကံ ၀စီကံ မနောကံနဲ့ လွန်ကျူး၍ ပျော်မွေ့စဉ်
နံစော်နေလည်းပဲ ပေကျံနေလည်းလေ
ဖန်ဆင်းရှင်ဘုရားသခင် ချစ်လို့နေဆဲ
CHORUS
သူချစ်လွန်းလို့ သားတော်ယေရှုကို
အပိုင်ပေးကာစေလွှတ်တယ်
ထာဝရအသက်ပေးတယ်
သူချစ်လွန်းလို့ အသက်ကိုစတေးခံ
အပြစ်ငရဲမှ ကယ်လွှတ်တယ်
ဖြောင့်မတ်ခြင်းပေးတယ် ဟိုး..
ယေရှု
BRIDGE
မကောင်းနိုင်တဲ့ကျွန်ုပ် အပြစ်နဲ့ ပြည့်ကျွန်ုပ်
မပြည့်စုံတဲ့ကျွန်ုပ် မစွမ်းနိုင်တဲ့ ကျွန်ုပ်
ကြွယ်ဝကာ ပြည့်စုံသော သခင်အားဖြင့် ပြည့်စုံပြီ
ဟိုး.. ပြည့်စုံကြွယ်ဝသောကိုယ်တော် .. ယေရှု
ENDING
(ကြွယ်ဝကာ ပြည့်စုံသော သခင်အားဖြင့်
ခပ်သိမ်းကို တတ်နိုင်သောသခင်အားဖြင့်)
ကြွယ်ဝကာ ပြည့်စုံသော သခင်အားဖြင့် ပြည့်စုံပြီ
No comments:
Post a Comment
Note: only a member of this blog may post a comment.