တေးရေး-သောမတ်စ်
တေးဆို- သောမတ်စ်မြသွင်
VERSE 1
ကမ္ဘာကို ဘယ်သူဖန်ဆင်းလဲ ကြယ်တွေလတွေ
သက်ရှိတွေနဲ့ လောကလူတွေ ဘယ်လိုအစပြု
အဆုံးတော့ ဘယ်လိုရှိမယ် ပိုင်ဆိုင်တာတွေ
အလုံးစုံတချိန်မှာ စွန့်ခွာသွားရမယ်ဆို
ဘယ်ဆီကို ရောက်ကြမယ် အဖြေရှာမလွယ်
CHORUS
လောကဧည့်သည် လူတွေအားလုံး လောကဧည့်သည်
အချိန်တန်ရင် အိမ်ပြန်ခရီးဘယ်ဆီမှာ မသိခဲ့လေတော့
အနိစ္စတရားရဲ့ အနိုင်ယူစိုးမိုးမှုအောက်မှာ
ဆင်ခြင်စရာ အမှန်တရားတော့ လိုက်ရှာမယ်
(အချိန်တန်ရင် အိမ်ပြန်လမ်းကလေးစောင့်နေမယ်)
VERSE 2
ဒီလိုဒီပုံရှိမယ် အကြင်နာလေးတွေ တဖက်သတ်ဆိုလည်း
နှုတ်ဆိတ်ဝန်ခံနေရခြင်းထက်
ဘုရားသဘောအမှန်ကို ရှာမယ် ပိုင်ဆိုင်သူဟာရှိတယ်
အလိုအလျောက်သဘောတော့ ဖြစ်ပျက်မလာဘူး
ဒါကြောင့်လဲ အကြွှင်းမရှိ အဖြေကို လိုချင်တယ်
CHORUS 2
တွေ့ခဲ့ရပြီး အိမ်အပြန်လမ်းကလေး စိတ်ချခဲ့ပြီ
ကယ်တင်ရှင် ယေရှုဘုရား၏ ယုံကြည်သူအတွက်
ရှိနေတော့ နှုတ်ထွက်ဂတိနဲ့ အဖြေရယ် အကြွှင်းမရှိ
အနိစ္စသားကို အချိန်တန်ရင်
အိမ်ပြန်လမ်း အရောက်ပို့လေပြီ
No comments:
Post a comment
Note: only a member of this blog may post a comment.