[မားဗလပ်စ်]
တေးဆို - မာလေး
တေးဆို - မားဗလပ်စ်
VERSE 1
ကိုယ်တော်ကိုသာ သခင် အစဉ်လိုပါ
ကိုယ်တော်ရှိမှသာလျှင် စိတ်ငြိမ်းအေးရာ
ကိုယ်တော်ပင် အိုယေရှုရှင် ပြစ်ရှိသူကယ်ပိုင်ရာ
ယခုပင် ကြွတော်မူပေ ကယ်တော်မူပါ
VERSE 2
ကိုယ်တော်ကိုလိုပါ၏ အရှင်ယေရှု
နာရီမပြတ်လိုသည် မစတော်မူ
ကိုယ်တော်မြတ်သည် လိုရင်းပင် နာရီတိုင်း ခိုကိုးရာ
ခုကောင်းကြီးပေး ကယ်ချွတ်ရှင် ခြေရင်းတော်လာ
VERSE 3
ကြင်နာအသံတော်မျှ အဘယ်သူဖြင့်
စိတ်အေးငြိမ်းခြင်းမရ ချစ်သိုးထိန်းရှင်
ကိုယ်တော်မြတ်သည် လိုရင်းပင် နာရီတိုင်း ခိုကိုးရာ
ခုကောင်းကြီးပေး ကယ်ချွတ်ရှင် ခြေရင်းတော်လာ
VERSE 4
ကိုယ်တော်ကိုလိုပါ၏ အနီးနေလျှင်
အပြစ်တန်ခိုးမရှိ ကယ်မသခင်
ကိုယ်တော်မြတ်သည် လိုရင်းပင် နာရီတိုင်း ခိုကိုးရာ
ခုကောင်းကြီးပေး ကယ်ချွတ်ရှင် ခြေရင်းတော်လာ
VERSE 5
ကိုယ်တော်ကို လိုပါ၏ အလျင်ကြွလာ
ဒုက္ခသုခရှိရှိ အနီးနေပါ
ကိုယ်တော်မြတ်သည် လိုရင်းပင် နာရီတိုင်း ခိုကိုးရာ
ခုကောင်းကြီးပေး ကယ်ချွတ်ရှင် ခြေရင်းတော်လာ
No comments:
Post a comment
Note: only a member of this blog may post a comment.