တေးဆို - Three Him
ခက်ခဲခြင်းထဲက ကူညီဖေးမခဲ့သူအရှင်
မနိုင်ဝန်တွေ ကူညီထမ်းပေးခဲ့သူ
ခံစားရအကြောင်းများကို ကြင်နာစွာ နှစ်သိမ့်ပေး
ကြွယ်ဝသောအသက်တာ ဖြည့်စွမ်းပေးခဲ့သူ
(ထိုအရှင်ရဲ့ချစ်ခြင်း အို စုံလင်ကာများလှ
အစဉ်တည်ကာ မြဲလျက်နေ အဆုံးမရှိ ချစ်ခြင်း
အတိုင်းအဆမရှိသော ချစ်ခြင်း ကြွယ်ဝစွာ ပေးသနား
ပေးလျက်နေ ထပ်ပေးနေ ပေးထားလျက်ရှိနေ)၂
နေ့ရက်တိုင်း ကိုယ်တော်နှင့်အတူ လျှောက်လှမ်းစဉ်
များလှစွာ ရင်ဆိုင်ရ ပြဿနာများ
ကိုးစားကာ ခိုလှုံကာ ကျော်ဖြန်သွားစဉ်
စိုးရွံ့စရာတွေ ကွယ်ကာ ပျောက်ကာနေ
(ကိုယ်တော်ရှင် ကြင်နာစွာ နှလုံးသားများနဲ့
ကြွယ်ဝခြင်း ပိုလျှံသော နှလုံးသားနဲ့
အခက်အခဲတွေ အောင်မြင်စွာ ကျော်ဖြတ်သွားစဉ်
ဝမ်းမြောက်စရာ ကိုယ်တော်ရှင်ပေးနေပြီ)၂
(ငြိမ်သက်ခြင်းအရှင် အရာတိုင်း ချိုးဖျက်စွမ်းနိုင်သူလေ
ငြိမ်သက်ခြင်းအရှင် ငြိမ်သက်ခြင်းအရှင်)၂
(ဝန်ခံလျက် နေ့ရက်တိုင် ကျွန်ုပ်အား လမ်းပြသွန်သင်
ငြိမ်သက်ခြင်းအရှင် ငြိမ်သက်ခြင်း အရှင်)၂
ကိုယ်တော်ရှင် ကြင်နာစွာ နှလုံးသားများနဲ့
ကြွယ်ဝခြင်း ပိုလျှံသော နှလုံးသားနဲ့
အခက်အခဲတွေ အောင်မြင်စွာ ကျော်ဖြတ်သွားစဉ်
ဝမ်းမြောက်စရာ ကိုယ်တော်ရှင်ပေးနေပြီ
No comments:
Post a comment
Note: only a member of this blog may post a comment.