တေးရေး- ရွယ်နူး
တေးဆို- ထန်သောင်
VERSE 1
ကျွန်ုပ်၏ အတမ်းတဆုံး ဘ၀ရဲ့တောင့်တရာ
အတွင်းဝိညာဉ်၏ အဆာငတ်ဆုံးအရာ
အချစ်မြတ်နိုးရဆုံး အလွမ်းဆွတ်ဆုံးအရပ်ဟာ
ကိုယ်တော်ရဲ့ မျက်မှောက်တော်မြတ်သာ
VERSE 2
တသွင်သွင်စီးတဲ့ ချောင်းရေကို အရမ်းပဲတောင့်တကာ
ငတ်မွတ်လွန်းတဲ့ သမင်ဒရယ်လေးပမာ
ကျွန်ုပ်ရဲ့အနေချင်ဆုံး အငတ်မွတ်ဆုံး အရပ်ဟာ
ကိုယ်တော်ရဲ့ မျက်မှောက်တော်မြတ်သာ
CHORUS
လိုအင်တွေ ဖြည့်စွမ်းပေးမူပါ
ကိုယ်တော့်မျက်မှောက်နဲ့ လွှမ်းခြုံပါ
အရှင်သခင်ဖြစ် အမြဲ အုပ်စိုးမူပါ
ပူဇော်ကာ ဆက်သ ပေးလှူချင်
ဘ၀တစ်ခုလံးကို ဆက်ကပ်ပါပြီ
No comments:
Post a comment
Note: only a member of this blog may post a comment.