Reggae သီချင်းလေးတစ်ပုဒ်နဲ့



တေးရေး-ASM
တေးဆို - စောဖိုးခွား၊ ဇမ်နူး

CHORUS
(Reggae သီချင်းလေးတစ်ပုဒ်နဲ့ အဖဘုရားကို
ချီးမွမ်းရင်းနဲ့ ကလိုက်စို့ကွယ်
ခံစားရခဲ့သမျှကို ရေတွက်ရင်း
ကောင်းကြီးများလည်း သွန်းဖြိုးဆဲကွယ်)၂

တကယ်ပါပဲ မနေ့ယနေ့နောင်ကာလထိတိုင်
(ထာဝစဉ်ပဲ မပြောင်းလဲပဲ အစဉ်တည်မြဲ)
ကာကွယ်လို့ထား နှောင့်ယှက်ခြင်းဘေးအမျိုးမျိုးမှ
(ဂုဏ်ယူလာခဲ့ အပြစ်တရားရဲ့မှောင်မိုက်ထဲ)

ကျွန်တော်ပြောချင်တာ တစ်ခုပဲရှိ
အိုမိတ်ဆွေ သင့်ရဲ့အသက်တာကို စဉ်းစားကြည့်
ကျင်လည်လှုပ်ရှားနေ ဤလောကထဲ
စားရ၀တ်ရနေရ တာလည်းလေ ကျေးဇူးတော်ပဲ
ပြန်စဉ်းစားကြည့်မိတ်ဆွေ
အခုချိန်ထိ အသက်ရှင်ရတာလည်း ကျေးဇူးတော်ပဲ
တွေဝေမနေနဲ့ မိတ်ဆွေ စဉ်းစားလိုက်
အစဉ်ခံစားရတဲ့ ကောင်းကြီးတွေကို စဉ်းစားလိုက်
အလှအပများစွာကိုခံစား ဘုရားပေးထားတဲ့ ဒီကျေးဇူးတော်များ
ရရှိခဲ့တဲ့အသက်တာ မေ့လျော့ခဲ့လို့ ထားတာ
အဆိုးဆုံးချက်က အဲဒါ သင် သေသေချာချာ စဉ်းစားကြည့်ပါ
ရှေ့ဆက်မယ့်အသက်တာတွက် ဖဘုရား ဆက်လက်လို့ ကောင်းကြီးများချပေးဦးမှာ
ဒါကို မေ့ထားမှာလား တကယ်ကို သင်သိတာလား
တကယ်ဆိုရင် အမှန်ဆိုရင် ဒါတွေဟာလည်း ကျေးဇူးတော်များပါကွာ

No comments:

Post a Comment

Note: only a member of this blog may post a comment.