About Us

SG17: Myanmar Gospel Song Lyrics  မှ ကြိုဆိုနှုတ်ခွန်းဆက်သအပ်ပါသည်။

ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို သံစဉ်စာသားများအားဖြင့် ရေးစပ်သီကုံးပေးသော တေးရေးဆရာများ၊ ချီးမွမ်းသီဆိုပေးကြသော တေးဆိုများအားလုံး နှင့် ဓမ္မသီချင်းကို နားဆင်ရင်း ၀ိညာဉ်ခွန်အားယူကြသောသူ အယောက်စီတိုင်းအပေါ် ဘုရားသခင်ကောင်းချီးသက်ရောက်ပါစေ။ Website တွင် တင်ထားသောသီချင်းများနှင့်ပတ်သက်၍ ခက်ခဲမှုအမျိုးမျိုးကြောင့် သီချင်းရေးစပ်သောတေးရေးဆရာများ၊ မူပိုင်ခွင့်ရှိသူများနှင့် သီချင်းနှင့်ပတ်သက်သောသူများကို ကြိုတင်အကြောင်းမကြားနိုင်ခြင်းအပေါ် ခွင့်လွှတ်ပေးပါရန် ခရစ်တော်နာမ၌ အနူးအညွတ်တောင်းပန်ပါသည်။ 

ဤ SG17: Myanmar Gospel Song Lyrics  မွေးဖွားလာသည့်အကြောင်း ဝေငှချင်ပါသည်။ ခရစ်ယာန်ဓမ္မသီချင်းနှင့်ပတ်သက်ပြီး MP3 နှင့် Video များ တင်ထားသော website နှင့် Blog များစွာရှိကြောင်း တွေ့ရပါသည်။ သို့သော် သီချင်းစာသား (Lyrics) အတွက် သိပ်မရှိသေးသောကြောင့် ပြည်တွင်းပြည်ပတွင် ရှိကြသော ဓမ္မမိတ်ဆွေအားလုံး ဓမ္မသီချင်းနားထောင်ရင်း စာသားပါ လွယ်ကူစွာ ရရှိနိုင်ရန်အတွက် ဤ Website ကို ၂၀၁၁ ခုနှစ်၊ သြဂုတ်လတွင် စတင်၍ အကောင်အထည် ဖော်ခြင်း ဖြစ်ပါသည်။

ဤ Website အားဖြင့် ဘုရားသခင်ဘုန်းတော်ထင်ရှားပါစေဟု ဆုတောင်းရင်း…

ခရစ်တော်၌
ကိုစုစု (Ko Suh Suh)
Email: suhthang@mmgospelsonglyrics.com